ခေါင်းတွေမူးလို့ ကိုယ်တွေပူ။

in HIVE-MYANMAR3 months ago

ယနေ့ ခန္ဓာကိုယ်က နေမကောင်းဖြစ်သည်။
ငြိမ်နေ၊ အိပ်နေပါရင် အဆင်မပြေပါ။
အိပ်နေပါမူ ပိုဆိုးမည်။ ခေါင်းကမူးသည်။
အိပ်လိုက်၍ အိပ်ရာထပါက ခေါင်းကပိုမူး
သည်။ ထိုကြောင့် လှုပ်ရှားမှုဖြစ်အောင်
ဈေးသွားသည်။ ဈေးသို့ရောက်သောအခါ
ဘာဝယ်ရမလဲ စဉ်းစားသည်။ ဈေးရောက်မှ
ဘာဝယ်ရမလဲ စဉ်းစားပါမူ သေချာပါသည်
ဈေးထဲမှာ ဈေးလည်နေရပေတော့သည်။

ဈေးမသွားခင် အိမ်မှ ဘာဘာချက်မည်ဟု
စိတ်ကူးထားပါက ဈေးဝယ်ရတာ အဆင်ပြေသည်။
ငါးချက်မည်ဟု စိတ်ကူးသည်။ ဝယ်နေကျ
ငါးသည်မလေးထံသွားသည်။ ဆိုင်မထွက်ပေ။
မည်သည့်ကြောင့်ပါလိမ့်။ နေမကောင်း၍လား။
ယောင်္ကျားရသွားလို့လား။ အိမ်မှာ ပွဲတခုခုလုပ်
လို့လား။ လားပေါင်းများစွာဖြင့် ဈေးပတ်ရပြန်
သည်။

ငါးမရတော့ အမဲသားသည်ထံသွားသည်။
အမဲသားသည် ကုလားမလေးလို့ ပြောရမလား။
ကုလားမကြီးလို့ ပြောရမလား။ ကုလားမလေးလို့
ပြောပါမူ အဆင်ပြေပေမည်။ လူဆိုသည်က
ငယ်စဉ်က ကြီးချင်သည်။ ကြီးလာသည့်အခါမှာ
ငယ်သည်ဟု ပြောစေချင်ကြပြန်သည်။
အမဲသားသည်က အပျိုကြီးဖြစ်သည်ဟု
သိရသည်။

တနေ့က အမဲသားဝယ်စဉ် ရောင်းနေကျ
သူမ မရှိပေ။ သူမ၏ အမနှင့် မောင်ဖြစ်သူက
ဈေးရောင်းနေကြသည်။ ထိုကြောင့် ကျွန်တော်
က ဈေးဝယ်ရင်း စပ်စုကာ ပါးစပ်ဖွာမိသည်။

"ကျွန်တော်တို့ဝယ်နေကျ အမရော ဘယ်သွားလို့လဲဗျ"

"ခင်ဗျာတို့ အမကြီး လင်နောက် လိုက်သွားပြီး"

ဟု ပြောသည်။

"တကယ်ကြီးလားဗျ" ဟု ကိုယ်က ထပ်ကွန့်မိသည်။

"အော် ခက်ပ တကယ်ပြောထာ၊ အသက်ကြီးမှ
ယောင်္ကျားနောက်လိုက်သွားတာ တော်ရေ့၊
မယုံရင် ဘေးဆိုင်ကို မေးကြည့်အုံး"

သူမက ပြောရင်းနဲ့ ဘေးဆိုင်ကို အဖော်ညှိလိုက်သည်။
ဘေးဆိုင်မှ ငါးခြောက်သည်ကလည်း
မှန်ကန်ကြောင်း ခေါင်းညိမ့်ပြလေသည်။
သူရို့၏ ပြောစကား မှန်ကန်ကြောင်းကို
ယနေ့မှ တွေ့မြင်ရတော့သည်။ ယနေ့
နေမကောင်းသဖြင့် ဈေးကို သွက်သွက်လေး
ပတ်သည်။ ငါးဆိုင်မဖွင့်၍ ငါးဝယ်မည့်စိတ်ကူး
ပျက်ကာ အမဲသားဆိုင်ရောက်တော့
အမဲရောင်းသူ ကုလားမအပျိုကြီးဘေးမှာ
ကုလားလေး တယောက်ရောက်နေသည်။

အမဲရောင်းသူ အပျိုကြီးသည် ယခင်က
သူ့ကုန်ကို ဂရုတစိုက်ရောင်းချသည်။
ယခုတော့ သူ့ဘေးက လူနဲ့ မျက်နှာချင်းဆိုင်း
အပြုံးချင်းပြိုင်နေပေသည်။ ကိုယ်တွေလည်း
ကိုယ့်ရချင်သော အသားမရှိ၍ ဘေးမှ
အသာလေးဖြတ်‌ကျော်ခဲ့သည်။ ငါးမရ၊
အမဲ မရသဖြင့် ငါးဖဲဝယ်သည်။ ခရမ်းချဉ်သီး
များများဖြင့် ငရုပ်သီးစပ်စပ်ချက်စားမည်။
ငံပြာရည်ဖျော်၍ သခွါးသီးတို့မည်။ အိမ်မှာ
သီးသော ပဲသီးများကို ခူး၍ ပြုတ်တို့စားမည်။
ငံပြာရည်‌ဖျော် အတို့အမြုပ်နှင့် ငါးဖဲ
ငရုပ်သီးစပ်စပ်တို့ကိုစားကာ ရေနွေးပူပူ
သောက်၍ ထမင်းစားလိုက်သည်။
ခေါင်းထူပူကာ အခိုးပွင့်ပြီး ထမင်းစား၍
ကောင်းလှ‌ပေသည်။

@htwegyi
January 21, 2025

Sort:  

!hiqvote

စားမြိန်ဖို့ အရေးကြီးလှပေ၏။

ဟုတ်ပေ့ဗျို့။

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

ထမင်းစားရင် အချဥ်အစပ်လေးပါမှ ဘထွေးရေ
!MEME

ဟုတ်သဗျို့။