တွက်ရေးနဲ့ စက်သူဌေး ပဲ‌ရောင်းမယ်။

in HIVE-MYANMAR2 months ago

ခြံဝင်းထဲရှိ ပဲပင်က ပဲသီးများက စားမကုန်အောင်
သီးသည်။ အိမ်နီးချင်း၊ ခြံနီးချင်းများကိုလည်း
ဝေပေးထားသည်။ တချို့ မိတ်ဆွေများကို
နှစ်ကြိမ်ပင် ဝေပေးရသည်။ ယခုအခါ ပဲပင်၌
ပိုးများကျလာနေပြီဖြစ်သည်။ ပဲပိုးများက
မဲမဲအကောင်လေးများဖြစ်သည်။ ပဲတောင့်
များပေါ်၌ တွဲကပ်နေသည်။ ပဲပင်အောက်
ကြာကြာမထိုင်နိုင်ပေ။

ပဲပင်အောက်သို့ ကြာကြာထိုင်ပါက ပဲပိုးအမဲ
ကောင်လေးများ ပြုတ်ကျလာကာ ခန္ဓာကိုယ်ပေါ်
သို့ တရွရွတက်လာသည်။ ထိုသို့ တရွရွတက်လာ
သည်က ပြဿနာမရှိသေးပါ။ သူတို့က
ခန္ဓာကိုယ်ပေါ်တက်ပြီး ကိုက်သဖြင့် အရေးပြား
ယားယံသည်။ အများအားဖြင့် လည်ပင်နှင့်
ဂုတ်များပေါ်သို့ ကျလာတတ်သည်။

ပဲပိုးများကို နှိမ်နင်းရန် ခြံနီးချင်း တဦးက ပိုးသတ်
ဆေးထုပ်လေးပေးထားသည်။ ထိုဆေးထုပ်ကို
အသုံးမပြုပေ။ ဆေးက မည်သို့ မည်ပုံအသုံးပြု
ရမည်ကို ရေးသားထားသော်လည်း ဓာတုဆေး
ဝါးများကို အသုံးမပြုချင်ပေ။ ပဲသီးစိုက်ပျိုးတိုင်း
ထိုသို့သော ဆေးများ အသုံးမပြုတာလည်း
ပါသည်။

ပဲပင်မှ ပဲသီးများကို ခူး၍ အထုပ်လေးများထုပ်ကာ
အကိုနှင့် ညီမတို့က တထုပ်ငါးရာကျပ်ဖြင့် ရောင်းချ
သည်။ တလမ်းကျော်မှ ကုမ္ပဏီတခု၏ ထမင်းချက်
ပြုတ်ကျွေးရသူက ပဲသီးသုံးထောင်ဖိုးဝယ်သွားသည်။
ထိုကြောင့် မောင်နှမနှစ်ဦးက ပဲသီးများရောင်းချဖို့
စိတ်ကူးကြခြင်းဖြစ်သည်။ ပဲသီးတထုပ်ငါးရာ
ဟုရေးသားရန် ဆော့ပင်ရှာရာ မတွေ့သဖြင့်
ဂျက်ထူစာရွက်တခုမှာ မီးသွေးခဲဖြ‌င့် ရေးကာ
ကြော်ငြာဆိုင်ဘုတ်တင်ကြသည်။

ပဲသီးရောင်းရန်ရှိသည်ဟု စာရေးထားသော်လည်း
လာရောက်ဝယ်ယူမရှိပေ။ ထိုကြောင့် မောင်နှမ
နှစ်ဦးက ဈေးသွားရောင်းရန်ပြောကြပြန်သည်။
ယနေ့မှာတော့ ပဲသီးထုပ်လေးများကိုယူ၍
အငယ်မက ဈေး၌သွားရောင်းသည်။ ဈေး
ရောက်လို့ မကြာပါ အချိန်အနည်းအတွင်း
အိမ်သို့ ပြန်လာသည်။ ရောင်းတာ မြန်လှပါလား
ဟုထင်မိကြသည်။

ဆရာမက ပဲသီးတထုပ်သာ ရောင်းချ၍ ကျန်သော
ပဲသီးခုနှစ်ထုပ်ကို အသိမိတ်ဆွေ ကုန်စိမ်းရောင်းသူထံ
အပ်ထားခဲ့သည်ဟုပြောသည်။ ထိုကုန်စိမ်း
ရောင်းသူအား မည်မျှရရ ရောင်းပေးပါဟု ပြောခဲ့သည်။
ကနဦး အစကတည်းကပင် ထိုသို့
ပြုလုပ်ရန် ကျွန်တော်ကပြောခဲ့ပါသည်။
ဆင်ဘိုးထက် ချွန်းဘိုးက များနေမည်ဟု
ပြောရသည်။

ညီမဖြစ်သူက သူကိုယ်တိုင် ရောင်းမည်ဟု
ပြောသဖြင့် ဆက်လက်မပြော တော့ပေ။
သူမကိုယ်တိုင် ဈေးသွားရောင်းသည့်အခါ
ဈေးကောက်ပေးရမည်စိုးသဖြင့် မရောင်းခဲ့
ခြင်းဖြစ်သည်ဟု ပြောသည်။ မှန်ပါသည်
ကိုယ်ရောင်းချသည်က ပဲသီးထုပ်လေး ရှစ်ထုပ်
တထုပ်ငါးရာဖြင့် ရောင်းပါက လေးထောင်
ရမည်။ ဈေးကောက်နှင့် သန့်ရှင်းရေး
ကြေးများပေးရပါမူ ခက်ပေမည်။ ငွေလေးထောင်
ဆိုပေသိ ပဲသီးအကုန်ရောင်းချမှရမည်။
မရောင်းရပါမူ ကိုယ့်အိတ်ထဲက စိုက်ရပေမည်။
တွက်ရေးက စက်သူဌေး၊ တွက်ကြည့်မှ
အမြတ်မရှိဖြစ်ပေတော့သည်။

@htwegyi
February 2, 2025

Sort:  

!hiqvote

ကိုယ်စားဖို့ကတော့ ဆေးမဖျန်းတာ အကောင်းဆုံးပါပဲ
!LUV
!LOLZ

@htwegyi, @golden.future(2/10) sent you LUV. | tools | discord | community | HiveWiki | <>< daily

Made with LUV by crrdlx

Why was the painter sprinting down the street?
Because his paint was running.

Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

ဟုတ်တယ် ဒါကြောင့် ဆေးမဖျန်းတာပါ။

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻